Type Here to Get Search Results !

Mediastar MS-Mini Series များ Factory Reset ချမိခဲရင်


 Mediastar MS-Mini Series များ
Factory Reset ချမိခဲရင် Hidden Key ဖြင့် Service Settings ပြန်ဖော်နည်း (သို့) iks Server ပြန်ဖော်နည်း


Factory Reset ချပြီးလို့ သူ မူရင်ဖိုင် တင်ပြီးသွားရင်
စလောင်းကြိုးအရင်တပ်ထားပြီး ရုပ်လိုင်းများအရင်ရှာထားပါ
ပြီးလျှင် wifi network ချိတ်ပေးလိုက်ပါ၊

အပြင်အကုန်ထွက်ပြီး လိုင်း ၁လိုင်း မှာထားပြီး

Service Settings ဖော်ရန်

Audio ခလုတ်ကိုနှိပ့်ပြီးပြီးချင်း
  111(တစ်သုံးလုံး) နှိပ်ပေးလိုက်လျှင်

Service ထဲရောက်သွားပါလိမ့်မယ်
01 Disable all 
02 Twin Protocol 
03 SSSP 
04 RS323 Master and slave 
05 Enable Internet 

ပေါ်လာတဲ့ အထဲက ၅ ရေွး နောက်တစ်ခါပြန်စပြီး ၂ ရေွး

















ကိုသက်ပိုင်ဦး ကို ကျေးဇူး အထူးတင်ရှိပါကြောင်း


Edit

👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻

မိမိ Factory Reset ချလိုက်တာကကောမှန်ကန်မှုရှိရဲ့လား


MediaStar Series တွေမှာ
Jan/ 20/ 2021 မှာ ဖြစ်နေတဲ့ ပြသနာ က

အမျိုးအစားတူစက်ဖြစ်တယ်၊ တစ်ခြားစက် မှာလာတယ်၊ ကိုယ့်စက် မှာမလာဘူး။  
ဆိုရင် အခြေခံအားဖြင့် သုံးမျိုး  ရှိပါတယ်။

၁) Network Error

၂) ဆော့ဝဲလ်

၃) နည်းလမ်းမှန်ကန်မှု
အခုလတ်တလောမှာ  ဖြစ်နေတဲ့ပြသနာက နံပါတ်သုံးက လာထိတာမျိုးပဲ ဖြစ်ပါတယ်။ Forever  Official က ဆာဗာ ၁၃၀ အထက် စက်တွေမှာ ဆော့ဝဲလ်တင်တဲ့ နည်းလမ်းကို  ပြောင်းလဲလိုက်ပါတယ်။ ဆော့ဝဲလ်တင်တဲ့ အဆင့်တွေ တစ်ခုခုကျန်ခဲ့တာဖြစ်ဖြစ်၊  ကိုယ်က မေ့ခဲ့တာဖြစ်ဖြစ်၊ စမ်းသပ်ချင်လို့ တစ်ဆင့်ဆင့်ကို  ကျော်ချင်တာမျိုးမှာပဲ ဖြစ်ဖြစ် လတ်တလောမှာ error ဖြစ်နေတာပါ။
Forever  Server ပါတဲ့ စက်တွေကို ဆော့ဝဲလ်အသစ်တင်ချင်တာပဲ ဖြစ်ဖြစ်၊  ဗားရှင်းအနိမ့်ကို ပြန်ဆင်းချင်တာပဲ ဖြစ်ဖြစ် သူနည်းလမ်းအတိုင်းသွားရင်  အဆင်ပြေပါတယ်။ 90% ပေါ့နော့်။

၁) Factory Reset ချပါ။ Menu > Installation >Factory Reset> All (Yes)
Factory Reset ချလိုက်တဲ့ မိမိစက် မှာ ဘာမှမကျန်တော့ပါဘူး။ လိုင်းတွေလဲ တစ်လိုင်းမှ မရှိတော့ပါဘူး။

၂)  ဆော့ဝဲလ်ပါတဲ့ စတစ်ကို စက်မှာ ထိုးပါ၊ ရမုက USB ကို နှိပ်ပါ။ ဆော့ဝဲလ်ကို  ရမုနဲ့ နှိပ်ရွေးပြီး Install လုပ်ပါ။ ဒီနည်းလမ်းမှာ ဆော့ဝဲလ်ကို ကိုယ်က  ရှာဖွေရမှာ ဖြစ်နေပြီဆိုရင် နောက်ပိုင်းစက်တွေက  အတော်ကြီးကို အဆင်ပြေသွားပါတယ်။ စက်တွေမှာ ဆော့ဝဲလ်ကို  ဒေါင်းလုပ်ခ်ဆွဲနိုင်တဲ့ FTP ထည့်ထားပေးတာမို့ပါ။ စက် မှာ  စတစ်တစ်ချောင်းထိုးထားပြီး၊ Menu > Network Apps >Software Update  > Connect Net (OK) ကနေပြီး USB ကို ရွေးပေးလိုက်ရင် ဆော့ဝဲလ်က  ကိုယ့်စတစ်ဆီ ဒေါင်းလုပ်ခ်ဆွဲပေးပါတယ်။ အဲ့ဖိုင်လေးကို သုံးပေါ့နော့်။  မဟုတ်ရင် တစ်ခြားတစ်ယောက်ယောက်ဖြစ်ဖြစ်၊ အင်တာနက် မှာ မိမိစက်  မော်ဒယ်အလိုက်လည်း ရှာဖွေ ဒေါင်းလုပ်ခ်ရယူလို့လည်းရပါတယ်။

၃) စက်ကို စတစ်နဲ့ ဆော့ဝဲလ်တင်ပြီးပြီဆို မပြီးသေးပါဘူး။ Factory Reset နောက်တစ်ခေါက်ထပ်လုပ်ရပါမယ်။ နံပါတ် ၁ ကအတိုင်း လုပ်လိုက်ပါ။

၄)  အပေါ်က သုံးဆင့်ပြီးပြီဆိုရင် လိုင်းရှာပါ။ ကိုယ့်စက် မှာ  ကြည့်မဲ့လိုင်းတဲ့ရှာဖွေဖို့အတွက် Menu > Installation > Antenna  Setting > ဂြိုလ်တုနာမည်ကို လိုက်ရှာ၊ ထိုင်းကတော့ ကျွန်တော့်စက် မှာ  မပါ၊ အဲ့လိုမပါရင် ကိုယ့်ဘာသာ ပြန်ရေးထည့်ပေါ့နော့်။ ရေးထည့်နည်းက  Satellite ကို ရမုက OK ကီး တစ်ချက်နှိပ်၊ ညာဘက် မြှားတစ်ချက်နှိပ်ရင် အဲ့မှာ  အောက်ဘက်ခြမ်းမှာ Add ဆိုတာလေးကနေပြီး ဂြိုလ်တုပေါင်းထည့်လို့ရပါတယ်။  ထိုင်းကွန်းဆို ဒီဂရီက ၇၈.၅။

၅)  အပေါ်က လေးဆင့်အတိုင်း လိုင်းတွေလည်းရှာပြီးပြီဆိုမှပဲ စက်ကို  အင်တာနက်ချိတ်ပါ။ အင်တာနက်ချိတ်ပြီးရင် ရမုက F1+000 နှိပ်ပါ (Patch Menu  ဖွင့်ပေးတာဖြစ်ပါတယ်။)၊ နောက် F1+ 111 ကို ထပ်နှိပ်ပါ။ Service Menu  ပေါ်လာပါတယ်။ အဲ့က Enable Internet ဆိုတာလေးနှိပ်ပါ။ အိုကေ။ ပြီးရင်  ဆာဗာသွားပြန်ဖွင့်ရပါမယ်။ Menu > Network > Server Setting >  ဘယ်မြှား > 15 ဆိုတဲ့အကွက်ကို ရောက်သွားရင် ဆာဗာက မချိတ်သေးပဲ  ဖြစ်နေပါတယ်။ ရမုက အစိမ်းကို နှိပ်ပြီး ဆာဗာဖွင့်ပေးလိုက်ပါ။
# အခုနည်းလမ်းက ကျွန်တော်က မြန်မာလိုအဆင်ပြေသလို ပြန်ရေးပေးထားပေါ့နော်။ Forever Official မှာဆိုရင်တော့ အတိုချုပ်
Factory Reset
Software Update
Factory Reset Again
Search Channels
Enable Server
ဆော့ဝဲလ်ဗားရှင်းနိမ့်ချင်တာပဲ  ဖြစ်ဖြစ်၊ မြှင့်ချင်တာပဲ ဖြစ်ဖြစ် အခုနည်းလမ်းကို သုံးကြည့်ပါ။  ဒါမူရင်းဆာဗာက ရေးထားတဲ့ နည်းလမ်းဖြစ်ပါတယ်။  အခုလိုမျိးအဆင့်အတိုင်းမသွားရင် ဆာဗာမှာ တစ်ချို့ Package တွေက  အလုပ်မလုပ်တာ၊ တစ်ချို့လိုင်းတွေ မလာတာ ဖြစ်ပါမယ်လို့လည်း သူတို့က  ရေးထားတာမို့ပါ။ တစ်ခုရှိတာက ကျွန်တော်ကတော့ အဆင့်တွေကျော်လိုက်တာရတယ်တို့၊  ဒီနည်းလမ်းမဟုတ်ပဲ တစ်ခြားစက်တစ်လုံးက sdx ဖိုင်ကို ယူသုံးလိုက်လို့  ရတာမျိုးတွေ ကျွန်တော် ပြန်မဖြေရှင်းပေးပါဘူး။ စက်ဆော့ဝဲလ်တင်ရင်  နည်းလမ်းအမှန်ဆိုတာက သက်သက်ရှိတယ်၊ ကိုယ့်ဘာသာ အဆင်ပြေသလိုလေး  လုပ်လိုက်လို့ ရသွားလည်းရှိပါတယ်။ ဒီနှစ်ခုက မတူညီပါဘူး။ နည်းလမ်းအမှန်ကို  သုံးရင် ရေရှည်မှာ ပိုမိုအဆင်ပြေပါမယ်လို့ ထင်မြင်မိပါတယ်။
:::::::::::::::::::::::::::::::::::::::::::::::::::
နံပါတ်  ၁ Network Error ကတော့ တစ်ခြားစက်တွေ အိုကေတယ်။ ကိုယ်စက်  အဆင်မပြေဘူးဆိုရင် အင်တာနက်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ISP မတူညီရင်  ကိုယ်ယူထားတဲ့ အင်တာနက်က ဆာဗာချိတ်ဆက် မှုကို ပိတ်တာ၊  တစ်ခုခုလုပ်တာမျိုးဖြစ်ရင် သူများစက်ရပေမဲ့  ကိုယ့်စက် မရတာမျိုးလည်းဖြစ်တက်ပါတယ်။ ဒါကလည်း အဖြစ်များပါတယ်။  အခုလိုမျိုးစက်သုံးရင်တော့ ဝိုင်ဖိုင်တိုင်တော့ ဆောင်ထားပါ။ မိမိလက်ထဲ  ဖုန်းကဒ်နှစ်မျိုး သုံးမျိုး အဆင်သင့်ဆောင်ထားရင် မမှားပါဘူး။  ဝိုင်ဖိုင်လိုင်းနဲ့ အရင်ချိတ်ကြည့်၊ မရရင် Mobile Data နဲ့  ပြောင်းသုံးကြည့်ပေါ့နော်။ အင်တာနက်ကလည်း တစ်ခါတစ်လေ ဖြစ်တက်ပါတယ်။  တစ်ချို့နက်ဝက် လိုင်းဆို လုံးဝကို သုံးမရတာမျိုးအထိကို ဖြစ်တက်ပါတယ်။
:::::::::::::::::::::::::::::::::::::::::::::::::::
နံပါတ်  ၂ ​ြပသနာကတော့ ဆော့ဝဲလ်ဗားရှင်းအဆင်မပြေတာမျိုးပါ။ အဲ့လိုမျိုးက  နောက်ဆုံးဆော့ဝဲလ်တွေမှာ အဖြစ်များပါတယ်။ အရင်ဆော့ဝဲလ်မှာ အဆင်ပြေတယ်။  ဗားရှင်းအသစ်တင်လိုက်တော့ မရတော့ဘူး။ အဲ့ဒါဆိုရင်တော့ ရဲရဲကြီး  ဆော့ဝဲလ်အဟောင်းကိုသာ ပြန်သုံးပါ။ facebook ဂရုတွေမှာလည်း  အဲ့လိုနည်းလမ်းကိုပဲ အသုံးပြုဖို့ညွန်းပါတယ်။ ဆော့ဝဲလ်တင်နည်းကတော့  မပြောင်းလဲပါဘူးနော်။ ဗားရှင်းအသစ်ပဲ တင်တင်၊ အဟောင်းကိုပဲ ပြန်တင်တင်  မူရင်းဆော့ဝဲလ်တင်နည်းလေးကိုသာ သုံးကြပါလို့။ ဒါမှ ပိုအဆင်ပြေနိုင်မှာပါ။
:::::::::::::::::::::::::::::::::::::::::::::::::::
လိုင်းဖိုင်တွေ  လိုချင်မနေ ပါနဲ့။ တစ်ခုခုဆို မကြောက်ပါနဲ့။  ကိုယ့်စက်နဲ့ကိုယ့်လုပ်နိုင်တာမှန်သမျှ ကြိုးစားကြည့်ပါလို့။  အရင်သုံးခဲ့တဲ့ T1 Mini Pro ဆို စက်ကို Factory Reset ချခဲ့တာ  အကြိမ်ပေါင်းမနည်းပါဘူး။ အတော်ကြီးကို များပါတယ်။ အခုကာလလိုမျိုးလည်း  တော်ရုံသွားမေးလို့လည်း အဆင်မပြေပါဘူး။ နောက်အာရပ်ဂရုတွေမှာ  သူများစက်တွေ ဘယ်လို ဘယ်လို အဆင်ပြေသွားလဲဆိုတဲ့ နည်းလမ်းတွေကြည့်ပြီးပဲ  ကိုယ့်စက်ကို ဖြစ်နိုင်တဲ့ နည်းလမ်းမှန်သမျှနဲ့ပဲ အဆင်ပြေအောင်လုပ်ရတာပါ။  စက်အမျိုးအစားမတူညီရင် နည်းလမ်းကတော့ ကွဲလွဲတယ်ဆိုပေမဲ့  ဆော့ဝဲလ်တင်နည်းကတော့ အဲ့နည်းလမ်းက အခုလောလောဆယ်အထိတော့ အမှန်ပါပဲ။  နောက်ပိုင်းမှာ ဆော့ဝဲလ်ဗားရှင်းထပ်မြှင့်သွားလို့ နောက်ထပ်နည်းလမ်းတွေလည်း  ဖြစ်ရင်ဖြစ်လာနိုင်ပါတယ်။


Just Information of ko ko zaw



အစ်ကို ကိုိကိုဇော် ကို ကျေးဇူး အထူးတင်ရှိပါကြောင်း




edition 

Apollo5 No Channel ဖြစ်နေရင် ပြန်ယူနည်း

______________________________________
Menu ခလုပ်နှိပ် Network ကိုသွား Network Application ကိုနှိပ် Apollo5 App ကို နှိပ် ok အဝိုင်းခလုတ်နှိပ် ရီမုမှအသံတိုးခလုတ် ဘယ် ၂ ချက်နှိပ် Setting ကိုဆင်းသွားပါ Ok အဝိုင်းခလုတ်နှိပ် Mobile Apk ကိုဆင်းသွားပါ Ok အဝိုင်းခလုတ်နှိပ် 


ဒီလို QR နှစ်ခု တွေ့မယ် ပထမ တစ်ခုက
ဖုန်း App အတွက် Download Mobile App QR ( App အား QR ကုဒ်ဖတ်၍ ဒေါင်းမရသူများက  အဲ့မှာ Appအတွက် လင်ခ့်ပါ QR ဖတ်စရာမလို တန်းဒေါင်းလိုက်ပါ။
F.TV apk 
http://familytv.co/F.TV-release.apk
 ) ပါ 
နောက်ဒုတိယတစ်ခုက ဖုန်းမှာ App နဲ့
Acc ဖွင့်ဖို့အတွက် Mobile Sharing QR ပါ

 အကောင့်ကို မေးလ် သို့မဟုတ် ဖုန်းနံပါတ်နဲ့ဖွင့်ပြီးတာနဲ့အကောင့်ရပြီးရင်
 ( register လုပ်နည်း
http://familytv.co/help/help.html ) 
 ထိုApp Acc ရဲ့ အောက်ညာဘက်ထောင့် User နေရာကိုနှိပ်
ပြီးရင်အပေါ်က ဘယ်ဘက်ထောင့်အပေါ်နားလေးက QR ဖတ်တဲ့ဟာနဲ့
စက်ရဲ့ဒုတိယ QR ဖြစ်တဲ့ Mobile Sharing ကို ဖတ်လိုက်ပါ

ဖုန်းနဲ့QR ဖတ်ပြီးလို့ Confirmဖြစ်ရင်
စက် မှာ fast boot လုပ်ပေးရန် အပြင်အကုန်ပြန်ထွက်ပြီး စလောင်းလိုင်း Channel တစ်ခုမှာ ထားပြီး f1 888 လုံးကိုနှိပ့်ပေးလိုက်ပါ စက် ပါဝါ ပြန်တက်လာပြီး နက်ဝက် ချိန်မချိတ် နဲ့ iks server တို့ကို ပြန်စစ်ကြည့်ပြီး Apollo5 ထဲမှာ Channel ရှိမရှိကြည့်ပါ မရှိက စက်ကို Power ပိတ်ပြီးမှ ပြန်ဖွင့်လိုက်ပါ စက် မှာ Apollo5  သက်တမ်းတိုးတာပြသွားပါလိမ့်မည်။

စက် မှာသက်တမ်းတိုးတာသိချင်ပါက Apollo5 
Setting ရဲ့ About မှာ နှိပ်ကြည့်နိုင်ပါတယ်



 



Just Information of saw saw & Original writer 



Post a Comment

0 Comments