Type Here to Get Search Results !

Megabits per second (Mb/s) vs Megabytes per second (MB/s) Mbps နဲ့ MBps






ယနေ့ခေတ်ဘက် အများစု မကင်းနိုင်တာက အကြွေးနဲ့ အင်တာနက်ပါဘဲ😁

နက်ဝက်နဲ့ ပက်သက်လို့ မိမိဖုန်းလေးရဲ့ အပေါ်ဘားတန်းမှာ အင်တာနက်သုံးလိုက်ရင် ပေါ်လာတဲ့ အင်တာနက်
မြန်နူန်း လေးကို သိရှိစေရန် နှင့် မိမိအိမ်မှာ အင်တာနက် ဝိုင်ဖိုင်စတင် တပ်ဆင်အသုံးကြုမည့် သူများအတွက် နက်ဝက်မြန်နူန်းကို သိရှိစေရန် ရည်ရွယ်သည်

🔴 ပြဿနာ

အဲ့ဒီ ၂ ခုရဲ့ ကွာခြားချက်ကို မသိတော့ ပြဿနာက ဘာဖြစ်တာလဲဆိုတော့ အိမ်မှာ WiFi ပဲ တပ်တပ်, Mobile Data နဲ့ပဲ သုံးသုံး တစ်ခုခုကို Download ဆွဲတဲ့အခါ “ ဟာ ဒီ WiFi လိုင်းက စုတ်ပြတ်နေတာပဲ ငါယူထားတာက 10 MB လိုင်းပါ ဘာလို့ အခု 1 MB ပဲ တက်တာတုန်း, ဟာ ဒီ Card သုံးရတာ အလကားပါကွာ လိုင်းက 1 MB တောင် မတက်ဘူး” အဲဒါက ပြဿနာပါ။

🔴 Mbps နဲ့ MBps ဘာ မတူတာလဲ

အဲ့ ၂ ခုမှာ မတူတာက b အသေး နဲ့ B အကြီးပါ၊ b အသေးက bit, B အကြီးက Byte ၊ bit က အမြန်နှုန်း, Byte က ပမာဏ, M ဆိုတာက Mega, သူ့အောက်မှာ K = Kilo ဆိုတာရှိတယ်၊ 1024 kilo = 1 Mega ညီမျှတယ်၊ နောက်က ps ဆိုတာက per second ( ၁ စက္ကန့်မှာ ရတဲ့ နှုန်း )၊

🔴 Mbps ဆိုတာ

အခု တချို့မြို့တွေရဲ့ နေရာတော်တော်များများမှာ WiFi တွေရပြီ, FTTH လို့ခေါ်တဲ့ Fiber တွေရပြီ, ကိုယ့်အိမ်မှာ အဲလို WiFi, Fiber တပ်ချင်ရင် Service ပေးတဲ့ ကုမ္ပဏီရှိမှ ရမှာနော်၊ Servie မရှိတဲ့နေရာတွေက တပ်လို့မရဘူး၊ အဲလို WiFi, FTTH တပ်တဲ့အခါမှာ Plan တွေရှိတယ်, အဲဒါကို Mbps = Megabit Per Second နဲ့ ပြတာ၊ ဥပမာ 10 Mbps = 25000 Ks, 20 Mbps = 30000 Ks, 50 Mbps = 60000 Ks စသည်ဖြင့် ဈေးနှုန်းအမျိုးမျိုးပေါ့၊

🔴 MBps ဆိုတာ

အဲလို WiFi, FTTH တပ်လိုက်ပြီ ဆိုပါစို့၊ ကိုယ်က တစ်ခုခုကို Download ဆွဲမယ်၊ ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ်, ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ အဲဒီအခါမှာ Download Speed ပြတယ်၊ ကွန်ပျူတာမှာ IDM နဲ့ဆွဲရင် IDM မှာ ပြပေးတယ်၊ ဖုန်းနဲ့ဆွဲရင် အပေါ်က Noti ဘားမှာ ပြပေးတယ်၊ အဲလိုပြပေးတဲ့ဟာက MBps = Megabyte Per Second နဲ့ ပြပေးတာ၊ တချို့ MB/s ဆိုပြီးပြတယ်၊ အတူတူပဲနော်၊

🔴 နိဂုံး

လိုင်းအပြည့်ရမရ ဘယ်လိုစစ်မလဲ၊ တွက်လို့ရပါတယ်၊ 1 Byte = 8 Bit နဲ့ ညီမျှတယ်၊ ဒါဆို တွက်ကြည့်ရအောင် အိမ်မှာ WiFi ကို 20 Mbps = 30000 Ks တန်တပ်လိုက်တယ်ဆိုပါစို့၊ Download ဆွဲရင် ဘယ်လောက်တက်မလဲဆိုတာ သိချင်ရင် 8 နဲ့ စားလိုက်ပါ၊ 20/8 = 2.5 ရပါတယ်၊ ရတဲ့ 2.5 က MBps ပါ၊ ဒါဆို 20 Mbps တပ်ထားပြီး Download ဆွဲတဲ့အခါ 2.5 MB/s ပဲ ရပါတယ်ဆိုပြီး WiFi တပ်ပေးတဲ့ ကုမ္ပဏီကို ပြဿနာမရှာရဘူးနော်၊ ကိုယ် အ,တာ သူများသိသွားလိမ့်မယ်၊ 2.5 MB/s ရတာ အမှန်ပါ၊

အခုလိုမျိုး နည်းပညာနဲ့ဆိုင် အသိပညာများကို လေ့လာလိုက မိမိနည်းတူ အများ အသိပညာ ရရှိစေရန် ထပ်ဆင့်မျှဝေ ပေးခဲ့ကြပါ ခင်ဗျာ။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏



Post a Comment

0 Comments