Type Here to Get Search Results !

Mediastar MS-Mini 2727 Review ကျွန်တော် ၏ ထင်မြင်ချက်သာဖြစ်ပါကြောင်း


စက်အသစ်လေးပေါ်လာတိုင်း လက်တည့်စမ်းချင်သူများ နှင့် ပေါချောင်ကောင်း ကြိုတ်တက်သူများအတွက် ကျွန်တော် ၏ ရမ်းဖြီးချက်လေးဖတ်ကြည့်ပါ


စျေးကွက်ထဲကတော့ 2727 တမျိုးကိုဘဲ စက်ရုံကနေမှာပြီးသွင်းတာပါ ( lot နဲ့ယူရလို့ အမျိုးမျိုးမသွင်းနိုင်တာပါ )

Forever Receiver ဆိုပြီး 2020 ထွက်တဲ့စက်တွေပါ
Tiger မှာဆို Tiger Mini T7 T8 T10 ဆိုပြီး 2020 အပြိုင်ထွက်တဲ့ စက်တွေပါ စျေးလည်း အတူတူပါဘဲ
နည်းပညာကတော့ Mediastar က ကိုးရီးယား နည်းပညာ ထုတ် chipset ရယ် Tiger က တရုပ် နည်းပညာ chipset ရယ် ပါ

ဒါကြောင့် Tiger က သူတိုရဲ့ Mini စက်တွေမှာ IPTV ကို 5 နစ်အထိ အလကားထည့်ထားပေးတယ် (စျေးကွက်အပြိုင်ပေါ့)

Chipset Powerful GX CPU 128MB DDR3
Menory 8MB

H265 ဖြစ်ပြီး AC3 ( Digital Theater Surround Sound ၏ မူလအစသည် Dolby Digital (AC3) 5.1 ဖြစ်သည် ) Support ေပးမယ် ဆိုတော့ကာ Aisasat 5 တို့ 7 ကြည့်နိုင်ပြီး
108e မှာရှိတဲ့ AC3 လွင့်တဲ့ ရုပ်သံလိုင်းဆို ပိုကြည့်လို့ကောင်းသွားမယ်

Wifi တိုင် ပါတဲ့ အတွက် ဖုန်းနဲ့ wifi လွင့်ပြီးကြည့်လို့ရတယ်
LAN port ကတော့မပါတဲ့အတွက် ကြိုးနဲ့ထိုးကြည့်လို့မရပါ
GOLD စက် မှာလည်း USB TO LAN Cable ဖြစ်တဲ့ RJ46 နဲ့ Support မလုပ်ပါ

Forever SE ပါတယ် ( တတိယအဆင့် forever server)

Forever pro (4K စက်)
Forever ( HD စက်)
Forever SE ( Mini စက်)
Gshare ( Gshare စက်)
Funcam ( Funcam စက်)

Forever-IPTV ပါတယ် ( 6လ လောက်တော့ အလကားကြည့်ရတယ် 18+ (10လိုင်းမကျော်ဘူး) ပွင့်ဖို့များတယ် Dubai ကလာတဲ့စက်ဆို ပိတ်ထားတယ် ပါလို့မရဘူး)

Forever-VOD ပါတဲ့အတွက် အာရပ်စာတမ်းထိုးရုပ်ရှင်တွေ ကြည့်ရတယ် Multi subtitle ရုပ်ရှင်တွေပါတယ်
Multi language ပါတော့ ပြောင်းချင်တဲ့ အသံ ပြောင်းကြည့်လို့ရတယ်

SatIPTV အလုပ်ကောင်းကောင်း လုပ်တယ်

စုစုပေါင်း လိုင်းပေါင်း 8000 သွင်းထားလို့ရတဲ့
DiSEqC1.0 / 1.1 / 1.2 / 1.3 ပါတဲ့အတွက် motor ကောင်းကောင်း အလုပ်လုပ်တယ်
C band သမားတွေအတွက် အကောင်သေးပေမဲ့ အလုပ်ဖြစ်တယ်

ရုပ်ထွက်ကတော့ 1080p 50Hz ရတဲ့အတွက် ( Hellobox 8 နဲ့ အတူတူပါဘဲ )

Cccam ထပ်ထည့်လို့ရမယ်
Biss key က auto အလုပ်လုပ်တယ်
သွင်းကြည့်လို့လည်းရတယ်

Tuner အားတကယ်ကောင်းတယ် ( Gold စက်ကလည်း အင်မဟုတ်ဘူး ေဘာ်လီက သက်သက် ကဒ်ပြားက သက်သက် မတူတာရယ် စျေးကွက် မှာ အရင်တည်းက VIARK sat ဆိုပြီး ရှိတယ် VARK sat မှာ က CA Setting ပါ ကဒ် Sharing ရတယ်၊ Conax key support ပြီး 12V DC Type နဲ့ LAN Port ပါပြီး LNBF In Out ရတာကို GOLD မှာက သူစျေးနဲ့ ပြေအောင် တင်သွင်းပေးထားတာ အဲ့ ကြောင့် ဂျင်းလိုတော့ ပြောလို့မရဘူး) 108e ကြည့်ရင်တော့ သူမှာပါလာတ​ဲ ့Tuner ကြောင့် လိုင်းအားကောင်းတယ်လို့ လိုင်းပျောက်တဲ့ ကိစ္စ လေး အနည်းငယ် သက်သာမယ်

တခါတလေ boot သေတာကိုတောင် IC ကူးတာတို့ ကွန်ပျူတာ နဲ့ booter loader မလိုဘဲ USB နဲ့ တင်နိုင်တယ် ( Hellobox လိုပေါ့ auto bin နဲ့)

စျေး (45000 နဲ့ 55000) ရောင်းတဲ့အတွက် ဝယ်သင့်တဲ့ စက်လေးတခုပါ ဒီစျေးနဲ့ ရအောင်းသွင်းပေးတဲ့ ကုန်သည်ကို ကျေးဇူးတင်ပါတယ်။

စက်က ေသးတော့ အရင်တုန်းက ဂတုံးမ လိုဘဲ ဖန်ခံသုံးဖို့ အကြံပေးချင်ပါတယ်

အသေးစိတ် ကို ဒီမှာမေး နိုင်ပါတယ် ခင်ဗျာ။
👇🏻👇🏻👇🏻👇🏻👇🏻

Mediastar MS-Mini 1111, 1616, 1818, 2121…2727



လေ့လာရန် Main Link အောက်
မှာနှိပ်ကြည့်ပါ။

https://thihazawsatellitetrade.blogspot.com/2020/11/mediastar-ms-mini-2727-forever-review.html

Post a Comment

0 Comments